Sunday, July 7, 2019

လမ်းခွဲပီးနောက်ပိုင်း ငါ နောင်တရအောင် မင်း အရမ်းလှလာဖို့ ကြိုးစားနေချိန်

ငါကတော့ မင်းနောင်တမရအောင် ဘဝကို အဆိုးဆုံးပုံစံတွေနဲ့ ဖြတ်သန်းမယ် 

အဲ့ဒါ မင်းအပေါ်မှာထားတဲ့ ငါ့ရဲ့ အချစ်သင်္ကေတပဲလေ

Monday, July 1, 2019

မနေချင်တော့ဘူး ထွက်သွားတော့မယ်လို့ စိတ်ကူးပီး ကျောပိုးအိတ်လေးထဲ  အဝတ်တွေ ထိုးသိပ်ထည့်မိတဲ့အချိန်တွေ တကယ်ရှိတယ် စိတ်ဟာပြူတင်းပေါက်တွေပေါ်မှာ ခြေစုံရပ်တယ် စိတ်ဟာ ကြိုးတစ်ချောင်းကို အသဲအသန်လိုက်ရှာတယ် စိတ်ဟာ သွေးပြန်ကြောတွေဆီ ဓါးခဏခဏတင်တယ် စိတ်ဟာ စိတ်ကို အမြဲတမ်း အဆုံးစီရင်တယ်
Crd

Thursday, June 27, 2019

အထူးအထွေတော့မဟုတ်ပါဘူး တစ်ခုခု ချရေးဖို့စဉ်းစားတဲ့အခါတိုင်း ခင်ဗျားမျက်နှာကို မြင်ယောင်လိုက်တာပါပဲ

ရွာချလွန်းနေတဲ့ မိုးပေမယ့် ခင်ဗျား အိမ်ပြန်ရောက်နေမှာပါ
နွေးနွေးထွေးထွေးရှိနေမှာပါ

အအေးမိနေမလား ဖျားနာနေမလားဆိုတဲ့ အတွေးတွေအတွက် ခင်ဗျားမှာ ကျွန်တော်မဟုတ်တဲ့ ကျွန်တော့ထက်တောင်စိတ်ပူတတ်တဲ့ အသိမိတ်ဆွေတွေ ရှိလို့ စိတ်ချရပါတယ် ( ဒါမှမဟုတ် ကျွန်တော် အဲဒီလို အားတင်းရပါတယ် )

သိပ်လွမ်းပါတယ်လို့ အော်ဟစ်လိုက်ဖို့ ခင်ဗျားမကြားအောင် အတော်အားတင်းရတယ် မျက်လုံးထဲမှာဝေ့ပြီး ပူစပ်လာတဲ့အချိန်တွေမှာလည်း အတော်ကို ထိန်းချုပ်ရတယ်

ကျွန်တော် စိတ်မပူဘူး လို့ပဲထားလိုက်နော် ကျွန်တော်က စိတ်အရမ်းမာတယ်လို့ပဲ တွေးလိုက်နော် ကျွန်တော်ဟာ ခင်ဗျားနဲ့ key မကိုက်တဲ့ အသံဆိုးဆိုးဂစ်တာအစုတ်အပြတ်တစ်လုံးလို့ မှတ်ယူပစ်လိုက်နော်။

ခေါ်ဆိုရင်လည်း black list မလုပ်ထားပေမယ့် လက်ခံဖြေဆိုမှာမဟုတ်တဲ့ သေချာနေခြင်းတွေကို ကျွန်တော်လက်ခံလိုက်ရတယ်။ သေရာပါခြင်း ဒဏ်ရာတွေကို တတ်နိုင်သလောက်ဆွဲနုတ်ပေမယ့် မရဘူး။
ညဘက်ကျ ခင်ဗျားက ကျွန်တော့အိပ်မက်ထဲလာဦးမှာ။မနက်ကျ ခင်ဗျားမဟုတ်သလို၊ ကျွန်တော်ကလည်း ခင်ဗျားမရှိတာ မဟုတ်သလို ဟန်ဆောင်နေရတဲ့ လက်တွေ့ဘဝထဲ ကျွန်တော် အရှင်လတ်လတ်ကျန်ခဲ့ရဦးမှာ...။

တကယ်ဆို ကျွန်တော့ဘက်က ခေါ်ဆိုသင့်တာ၊မျက်နှာပြောင်တိုက်ပြီး တစ်ရက်လောက် အားရင်တွေ့ရအောင်လို့ ပြောသင့်တာ။

ကျွန်တော် ရင်မဆိုင်ရဲတော့လို့ကျွန်တော့ကို အပြစ်တင်ပါ။ ကျွန်တော့အတွက် ဘာမှ မကျန်ရင်တောင် နာကြည်းသွားတာပဲဖြစ်ဖြစ် တစ်ခုခု ကျန်စေချင်တယ်လေ။

ရုပ်ရှင်ဇာတ်ကားတွေထဲကလို ရုတ်တရက် ကျွန်တော်သေခါနီးအချိန်မှာ လာရောက်ကယ်တင်တာမျိုးလည်း တောင့်တမိတာပဲ။ ကျွန်တော့ ကုပ်ပိုးကို ဖျစ်ညှစ်ဆော့ကစားပြီးတော့ ကယ်တင်ပါ။ ကျွန်တော့ရင်ခွင်ထဲ ခဏထိုင်နေပြီး ဖုန်းထဲကပုံတွေကို snap seed နဲ့ စိတ်လိုလက်ရပြင်နေပါ။ ဖုန်းထဲက ဓာတ်ပုံလေးကို ကယ်တင်သလို ကျွန်တော့ကို ကယ်တင်ပါ။ ဆက်ရေရွတ်နေရင်လည်း ခင်ဗျား ကျွန်တော့ကို စိတ်တိုလာတော့မယ် မဟုတ်လား...။

ကျွန်တော်လည်း ရုပ်ရှင်ဇာတ်ကားထဲကလို ငါက မင်းကို စောက်ရမ်း ချစ်တာ လို့ ပြောချင်တာပါ။နှစ်အနည်းငယ်ကြာပြီးသော် ဆိုတဲ့ စာတမ်းနောက်မှာ ကျွန်တော်က လေယာဉ်ပျံကြီးပေါ်က ဆင်းလာပြီး ခင်ဗျားနဲ့တွေ့ဆုံချင်တာပါ။ကျွန်တော် မည်သို့လုပ်လိုက်တယ်မသိဘဲ ပိုက်ဆံတွေ အရမ်းချမ်းသာပြီး ခင်ဗျားမျက်မှန်လေးရဲ့ ပိုင်ဆိုင်နိုင်သမျှမြင်ကွင်းတွေအကုန်လုံးကို ကျွန်တော်ဝယ်ပစ်ချင်တာပါ။

တစ်ခါတလေကျတော့လည်း ခင်ဗျားများ တစ်နေရာရာကနေ ကျွန်တော့ကို ကျွန်တော်မသိအောင် လာကြည့်နေမလားလို့တွေးတဲ့အခါ 
ခင်ဗျားလည်း ကျွန်တော့ကို သေလုမတတ်သတိရနေမယ်လို့ တွေးမိတဲ့အခါ (ကိုယ့်ကိုယ်ကိုအထင်ကြီးပစ်တာတွေလေ)ကျွန်တော် အဆင်မပြေဘူး။ ကျွန်တော်သိပ်ကိုနာကျင်တယ်။ကျွန်တော် လဲပြိုတယ်။

အဲဒီလိုနဲ့ ခင်ဗျားက အိပ်မက်ထဲမှာ ကျွန်တော့ကို ရယ်ပါတယ်။ကျွန်တော်က ခင်ဗျားရှေ့မှာ ငိုပါတယ်

Tuesday, May 28, 2019

ဝေးစမ်းအုန်း!!! ငါတို့ ပြန်မတွေ့နိုင်တော့တဲ့အထိဝေးကြမယ် မင်း လည်းနောက်ရင်ခွင်အသစ်တစ်ခုကို မျှော်လင့်တကြီးစောင့်မျှော်နေပေါ့ ငါလည်း ဝေးကွာခြင်းတွေနဲ့အတူ အိမ်မောကျမယ် မင်း မျှော်လင့်သလို ငါတို့ တကယ်ဝေးခဲ့ကြပြီ စိတ်ထဲကြိတ်ပျော်နေတဲ့အပြုံးတွေဟာ ခွဲခွာဖို့ လက်ပြကြတဲ့အခါ မင်း မျက်နှာပေါ်မှာ ရေးရေးလေးတွေ့မိတယ် ပျော်ရွှင်ပါစေပေါ့ အမရယ်
ငါကတော့ တကယ်အဆင်မပြေမှာ သိတယ် ဒါပေမယ့် ပျော်ရွှင်မှုလိုချင်နေတဲ့သူကို ချုပ်နှောင်ထားရင် အချိန်တန်တဲ့အခါ အကွက်ကျကျ ရက်စက်ကြတာပဲ အလိုက်တသိ ခွဲခွာပေးလိုက်တဲ့အခါ ကိုယ် အဆင်မပြေပေမယ့် မင်း အဆင်ပြေနေတာတွေ့တော့ ငါ ပျော်ရပြန်တာပါပဲ လွမ်းစရာတွေများလာတဲ့အခါ ငါတို့ ဘယ်အရာနဲ့ဖြေသင့်လဲ သတိရတာတွေများတဲ့အခါ ဘယ်ဖုန်းနံပါတ်ကို ရေရေရာရာခေါ်သင့်လဲ ဘယ်အရာမှမသေချာပေမယ့် ငါတို့ ဝေးသွားတာတော့ သေချာပါတယ် အဲ့ဒီတော့ ပြောချင်တာက တစ်ဘဝစာလို့ပြောပြီး အချိန်တစ်ခုထိပဲ စိတ်မပါလက်မပါ ချစ်ပေးခဲ့တဲ့အတွက် မင်းကို ကျေးဇူးတင်ပါတယ်

ရင်ငွေ့တစ်ခုပြန်ရဖို့ ဘယ်နတ်ဘုရားဆီ သွား ခယ ရမလဲ သတိရစိတ်က ဖြတ်သွားဖြတ်လာနဲ့ အစီစဉ်ကမကျခဲ့ ဒါပေမယ့်လို့ပေါ့ ကဗျာဆရာစစ်ငြိမ်း ရေးခဲ့တဲ့ ကဗျာတစ်ပုဒ်လိုပဲ

မင်းကို ငါ လွှတ်လိုက်တယ် ငါ့ကိုယ်ငါ လွတ်မြောက်ပါစေကွယ်

တိုက်ဆိုင်မှု့တွေနဲ့ကြုံတိုင်း ငါ ရှိရာအရပ်ကို လှမ်းမမျှော်ပါနဲ့တော့ လောကဓံတွေကြား အထိအရှတွေများတဲ့အခါမှလဲ ငါ့ဆီ ပြန်မလာပါနဲ့တော့. . . . 

Monday, May 27, 2019

နှစ်​​တွေအများကြီး  တည်​​ဆောက်​လာခဲ့တဲ့ရလဒ်​က. အဆုံးသတ်​မှာ ပြိုကျဖို့လား...ငါဘာ​တွေလိုအပ်​ခဲ့လို့လဲ
ဆုတွေတောင်းခဲ့ဖူးတယ်....
မင်းဟာ ပန်းတစ်ပွင့်အဖြစ် ပြန်ပွင့်ခဲ့သည်ရှိသော်
ငါဟာ မင်းရဲ့ ရနံ့စစ်စစ်ပြန်လည်ဖြစ်ခွင့်ပြန်လည်ဖြစ်ခွင့်ရပါစေသား ပေါ့....
အခုတော့လဲ
မင်းနဲ့ပက်သက်ခဲ့သမျှ အရာရာဟာ အလဲလဲအပြိုပြို